ယာယီတင်သွင်းခွင့် ( Temporary Admission ) လျှောက်ထားရာတွင် ပူးတွဲတင်ပြရန် လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ-

(၁) ယာယီတင်သွင်းမည့် ပစ္စည်းအမျိုးအစား ၊ တန်ဖိုး ၊ အရေအတွက် ၊ အလေးချိန် ။
(၂) ယာယီတင်သွင်းလိုသည့်ကာလ။
(၃) သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပို့ခြင်းမရှိပါက ကျသင့်အခွန်အခများနှင့် ဒဏ်ကြေးများ ပေးဆောင်မည်ဖြစ်ကြောင်း ခံဝန်ကတိဖြင့် သက်ဆိုင်ရာဌာန ကုမ္ပဏီ အကြီးအကဲ၊ တင်သွင်းသူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ယာယီတင်သွင်း လိုကြောင်း လျှောက်လွှာအား Manual ဖြင့်လျှောက်ထားပြီး ခွင့်ပြုချက်ရရှိပါက Attached File တွဲ၍ တင်ပြရပါမည်။
(၄) Invoice မူရင်း။
(၅) Packing List မူရင်း။
(၆) Billing of Loading သို့မဟုတ် Airway Bill သို့မဟုတ် Truck Note မူရင်း။